မြန်မာပြည်တွင်းမှ ဆိုင်ဘာရာဇဝတ်မှုတွေ နှိမ်နင်းဖို့ ထိုင်း၊ လာအိုတို့နဲ့ တရုတ်ပူးပေါင်း

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ မြန်မာအခြေစိုက်ဆိုင်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် တရုတ်နိုင်ငံက ထိုင်း၊ လာအိုတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ South China Morning Post သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင် (Chen Hai) က ထိုင်းနဲ့လာအိုဆိုင်ရာ တရုတ်သံအမတ်တွေနဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့နဲ့ ကြီးထွားလာတဲ့ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် တွန်းလှန်ဖို့ ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါတယ်။