ရွှေဘိုမြို့တွင် ပြည်သူ့စစ်အဖွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ရိက္ခာများ ထောက်ပံ့ ပေးအပ်ပွဲကျင်းပ

နိုဝင်ဘာလ ၃ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ ရွှေဘိုမြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်များအား တာဝန်ရှိသူများက တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။