မတ်လ ၁၁ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်

-ကုန်းနှော၊ မြို့သစ်၊ တာဆိုင်း၊ ငါးအိုးတို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် တာဝါတိုင်ကုန်း၊ ဖားကန့်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ပွိုင့် ၇၇၁ စခန်းကုန်းများရှိ လုံခြုံရေးစခန်းများကို KIAနှင့် အကြမ်းဖက်အင်အား(စိစစ်ဆဲ)အဖွဲ့များက Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

တပ်မတော်ရဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ တပ်ဌာနချုပ်နှင့် စခန်းများအား တိုက်ခိုက်နေသော KIA/PDF အကြမ်းဖက်သမားများ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိသူများ များပြားနေပြီး အကျအဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို လိုင်ဇာမြို့သို့ 4Wheel ကားများဖြင့် ပြန်လည်သယ်ဆောင်လျက်ရှိ။

ရှမ်း(တောင်)

ဟိုပုံးမြို့နယ် ထမ်ဆမ်းဂူပတ်ဝန်းကျင်မှာ အင်အား စုဖွဲ့နေသော KNDFနှင့် PNLA တပ်ဖွဲ့ဝင်များ၏ တည်နေရာ မြေပုံညွှန်းအား ရွာသားများထံမှ ပေးပို့သည့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KNDF မှ စစ်ရေးချုပ်အဆင့်ရှိသူ ရီးဒူ အပါအဝင် KNDF ၃ ဦး၊ PNLA မှ ၄ ဦး လက်နက်ကြီး အစထိမှန် သေဆုံးခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ်မြေခံတပ်ဌာနချုပ်၊ ထူးချောင်းကာကင်းစခန်းနှင့် ပင်မကုန်းစခန်းတို့အား KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ) က Drone ဖြင့် Drop Bomb ချတိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ကရင်ပြည်နယ်

မြဝတီမြို့နယ်အတွင်းရှိ ဖလူးခြေကုပ်စခန်း၊ လေးကေကော် ပွိုင့်-၁၀၇၈ ခြေကုပ်စခန်း၊ သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းဌာနချုပ်၊ ဘုရားကုန်းနေရာများသို့ KNLA တပ်မဟာ ၆ နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်တို့က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

သင်္ကန်းညီနောင်ကို လာရောက်တိုက်ခိုက်နေသော စောတာဘောဦးစီး KNLA တပ်မဟာ ၆ ၊ ရင်း ၂၈ နှင့် Lion စစ်ကြောင်း PDF အဖွဲ့များ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ကျဆုံးမှုများပြားနေကြောင်း သိရှိရ။

တနင်္သာရီတိုင်း

မေတ္တာမြို့အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၅ နေရာမှ KNLA တပ်မဟာ(၆)၊ ရင်း ၂၇ အဖွဲ့နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၂ နေရာမှ အင်အား ၆၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

စစ်ကိုင်းတိုင်း

-ကနီမြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့နယ်ရဲစခန်းနေရာများသို့ PDF အကြမ်းဖက် ပူးပေါင်းအင်အား ၂၀၀ ဦးခန့်က Drop Bomb ၈၀ လုံး၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

-ကျင်ဒွေးမြို့အတွင်းနယ်မြေရှင်းလင်းစဉ် နေရာ ၄ နေရာမှ PDF အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

-ကလေးမြို့နယ် အောင်မင်္ဂလာရွာသို့ နေရာ ၂ နေရာမှ PDF အကြမ်းဖက်သူ ၇၀ ဦးခန့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ လက်လုပ်သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ