Breaking News

အသစ်ထွက်လာတဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနည်းပညာ ၃ မျိုး

Thales ကုမ္ပဏီဟာ ရေငုပ်သင်္ဘောတွေကိုရှာဖွေထောက်လှမ်းတိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားလာစေမယ့် နည်းပညာအသစ်၃ မျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာတွေဟာ သမားရိုးကျစစ်သင်္ဘောနဲ့ မောင်းသူမဲ့ရေယာဉ်တွေကို ပေါင်းစပ်အသုံးပြုပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ရည်ရွယ်ထားတာပါ။ အဲဒီနည်းပညာ ၃ မျိုးကတော့ […]

ညဘက်အမြင်အာရုံကို တဖြည်းဖြည်း ဆုံးရှုံးစေနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာမျက်စိရောဂါ

ညဘက်အမြင်အာရုံကို တဖြည်းဖြည်း ဆုံးရှုံးစေနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ မျက်စိရောဂါတစ်မျိုးကို သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အဲဒီရောဂါဟာ EFEMP1 လို့ခေါ်တဲ့ မျိုးရိုးဗီဇမှာဖြစ်ပေါ်တဲ့ပြောင်းလဲမှုတစ်မျိုးကြောင့် ဖြစ်ပွားတာပါ။ 

 Xiaomi ရဲ့ လျှပ်စစ်ပြိုင်ကားအသစ်

လျှပ်စစ်ကားတစ်စီးလျင်မြန်ဖို့ဆိုတာက မြင်းကောင်ရေများများထည့်လိုက်ရုံနဲ့ မပြီးပါဘူး။ ဖြောင့်တန်းတဲ့လမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနိုင်တာကတစ်ပိုင်း၊ အကွေ့တွေမှာ အရှိန်မလျှော့ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့မောင်းနိုင်တာက တစ်ပိုင်းပါ။ အထူးသဖြင့် အလေးချိန်၂ တန်ကျော်ရှိတဲ့ လျှပ်စစ်ကားတစ်စီးကိုကားပြိုင်ကွင်းပေါ်မှာ အမြန်ဆုံးမောင်းနိုင်ဖို့ဆိုတာ အင်ဂျင်စွမ်းအားတစ်ခုတည်းနဲ့မဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ အခု တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi က ဒီစိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ ကုမ္ပဏီရဲ့ SU7 Xtreme လျှပ်စစ်ပြိုင်ကားကို ဂျာမနီနိုင်ငံရှိပြိုင်ကွင်းမှာအပြင်းအထန်စမ်းသပ်မောင်းနှင်နေပါတယ်။ကားကိုဖုံးအုပ်ထားတဲ့ ရုပ်ဖျက်အရောင်တွေကိုဖယ်ရှားပြသလိုက်ချိန်မှာတော့ ဒီကားဟာအလှဆင်ပစ္စည်းအနည်းငယ် ပြောင်းထားတဲ့အလှစီးကားတစ်စီးမဟုတ်ဘူးဆိုတာကိုသိလာရပါတယ်။ အထူးသဖြင့်ကားနောက်ဘက်မှာတပ်ဆင်ထားတဲ့ အရွယ်ကြီးမားတဲ့ Spoiler က အာရုံစိုက်စရာပါ။ ငန်းလည်ပင်းဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့  အဲဒီ Spoiler ဟာ ပြိုင်ကားတစ်စီးရဲ့အသွင်အပြင်ကို ပိုမိုကြမ်းတမ်းစေသလို အရှိန်မြင့်မောင်းနှင်ချိန်မှာကားကိုလမ်းပေါ် ပိုမိုဖိကပ်နေစေဖို့လည်း ရည်ရွယ် ပါတယ်။ ကားရှေ့ပိုင်းကို အကြီးအကျယ်ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဘန်ပါအောက်ခြေမှာလေခွင်းအားထိန်းကိရိယာ ထည့်သွင်းထားပြီး ရှေ့ဘီးအပေါ်ဘက်မှာ လေထွက်ပေါက်တွေ ဖောက်ထားပါတယ်။ အရှိန်မြင့်လာတဲ့အခါ ဘီးအတွင်းလေဖိအားမြင့်တက်ပြီး ကားရှေ့ပိုင်းကို အပေါ်ဘက်ကြွတက်စေနိုင်ပါတယ်။ အဲဒီအခြေအနေမှာ ရှေ့တာယာတွေကလမ်းမျက်နှာပြင်ကို ကောင်းကောင်းမဖိနိုင်တော့ဘဲအကွေ့ဝင်တဲ့အခါထိန်းချုပ်ရခက်လာနိုင်ပါတယ်။ ဘီးအပေါ်ဘက်က လေထွက်ပေါက်တွေက ဒီပြဿနာကိုလျှော့ချဖို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Xiaomi က အရှိန်တင်နိုင်ဖို့တင်မကအရှိန်မြင့်နေချိန်မှာပါ ကားကို ဘယ်လိုထိန်းမလဲဆိုတာကိုပါ အလေးထားလာတာပါ။ […]

စမ်းသပ်မှုအောင်မြင်သွားပြီဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ကုန်တင်လေယာဉ်

ကမ္ဘာ့အကြီးဆုံးမောင်းသူမဲ့ ကုန်တင်လေယာဉ်ဖြစ်တဲ့ W5000ဟာ အခုဆိုရင် နည်းပညာပိုင်းဆိုင်ရာအတည်ပြုစမ်းသပ်မှုကို အောင်မြင်သွားပြီဖြစ်ပါတယ်။စမ်းသပ်မှုကိုတော့ တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုလီးယားဒေသမှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ကိုထုတ်လုပ်ထားတာက တရုတ်လေကြောင်းနည်းပညာကုမ္ပဏီဖြစ်တဲ့ Air White Whale ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်က ကုန်စည်အလေးချိန် ၅ တန်တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၆၀၀ကျော်ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ဝန်တင်နိုင်တဲ့အကျယ်အဝန်းက ၆၅ ကုဗမီတာအထိရှိပါတယ်။ W5000 ဟာတကယ့်ကိုမောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။ သူ့ကိုမြေပြင်ကနေသာထိန်းချုပ်နေတာဖြစ်ပြီး အခုလိုမျိုးစမ်းသပ်မှုအောင်မြင်ခဲ့တာဟာ  […]

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်းအများပြည်သူများအဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေးမြို့ကြီးများတွင်ဆီတင်ယာဉ်များအား အရန်သင့်ထားရှိ

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ် ရက်ရှည်ကာလအတွင်း ခရီးသွား လာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး- မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့်စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် […]

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်တရားမဝင်အဆောက်အအုံများအား စနစ်တ ကျ ဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို  စနစ်တကျဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ  ဒုတိယပိုင်းအတွင်းရှိဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၇၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအားယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၁၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။  ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်  အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ဖောက်ခွဲ၍   ဖြိုချဖျက်ဆီးမည့်အဆောက်အအုံနှင့်လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့်ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၈ လုံး၊ စုစုပေါင်းအဆောက် […]

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းသူအမျိုးသမီးများအလိုရှိသည်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းသူအမျိုးသမီးများအလိုရှိသည်

ICJ က အမိန့်ချခဲ့သော်လည်း မလိုက်နာခဲ့သည့် ကမ္ဘာ့နိုင်ငံများ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်များသည် ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမည့် အမိန့်များဖြစ်သော်လည်း ICJ တွင် ကိုယ်ပိုင် ရဲတပ်ဖွဲ သိုမဟုတ် စစ်တပ် […]