ပြည်သူတွေဘဝအေးချမ်းဖို့ အကြမ်းဖက်PDF တွေကို ချေမှုန်းကြစို့

နိုင်ငံခြားမှာ အစည်းအဝေးတက်တော့ ထိုင်း၊ ကမ္ဘောဒီးယား ၊ အင်ဒို ၊ အင်ဒီးယား၊ စလုံး နဲ့ မလေးရှားနိုင်ငံက လူတွေက မေးတယ်။ မြန်မာနိုင်ငံမှာ ဘာဖြစ်နေတာလဲ။ စစ်ဖြစ်နေတာလား မေးကြတယ်။ ကျုပ်လဲ ဖုန်းထဲမှာသိမ်းတဲ့ တံတားချိုးနေပုံ video တွေ၊ တံတားချိုးခံထားရတဲ့ video တွေ၊ ချိုးထားတဲ့ တံတားပေါ်မှာ ခက်ခဲစွာသွားလာနေကြရတဲ့ ပြည်သူတွေရဲ့ video၊ ရထားလမ်းတွေကို မိုင်းခွဲထားတဲ့ ဓာတ်ပုံတွေ၊ ဗုံးခွဲလို့ ဒဏ်ရာရတဲ့ပြည်သူတွေရဲ့ ဓာတ်ပုံ တွေကို ပြလိုက်တယ်။ ဘယ်သူတွေလုပ်တာလဲလို့ ဝိုင်းမေးကြတယ်။ people defence force လို့ခေါ်တဲ့ ဒေါ်စုထောက်ခံသူတွေက လုပ်တာလို့ ရှင်းပြလိုက်တယ်။

စလုံးကောင်က သူတို့လုပ်တယ်ဆိုတာ မင်းမှာ သက်သေရှိလားလို့ ထပ်မေးတယ်။ လူကိုလည်လှီးသတ်နေတဲ့ video တွေ ၊ လမ်းမပေါ်မှာ မိန်းမတစ်ယောက်ကို ရက်ရက်စက်စက် ရိုက်နှိက်ပြီး ဦးနှောက်တွေ ပွင့်ထွက်အောင် ပစ်သတ်တဲ့ video တွေကို ပြလိုက်တယ်။ အဲ့ video ကို စစ်တပ်ဘက်က ရိုက်ခဲ့တာ မဟုတ်ဘူး။ pdf တွေပဲ လိုင်းပေါ်တင်ပြီး လူထုကို ခြိမ်းခြောက်ခဲ့တာလို့ ပြောလိုက်တယ်။ ကမ္ဘောဒီးယားက ကောင်က Khmer Rouge ခမာနီတွေလိုမျိုးဖြစ်နေပြီလား မေးတယ်။ အတူတူပဲလို့ ဖြေလိုက်ပြီး ရပ်ကွက်ထဲ လက်နက်မဲ့ ပြည်သူကို ဆိုင်ကယ်နဲ့ လိုက်ပစ်တဲ့ video တွေ ၊ လယ်ကွင်းထဲ ပစ်တဲ့ video တွေ၊ ပြည်သူကို အိမ်ပေါ် တက်ပစ်ပြီး အောင်ပွဲခံနေတဲ့ video တွေကို ထပ်ပြလိုက်တယ်။

အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်တယ်။ အင်ဒီးယားက ကောင်က ဒီ video တွေကို သူတို့ pdf တွေပဲတင်ခဲ့တာလားလို့ မေးတယ်။ ကျုပ်လဲ ဆားပုလင်းနှင်းမောင် အထာနဲ့ ပုခုံးကို တွန့်ပြလိုက်တယ်။ အားလုံး wow ဖြစ်သွားတယ်။ တစ်ယောက် ထပြောတယ် ။ Why do they record their crime? သူတို့လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဘာလို့ (သူတို့ကိုယ်တိုင်) မှတ်တမ်းတင်ထားလဲ လို့ မေးတယ်။ ဉာဏ်ရှိသူဆိုရင် သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုကို သူတို့ကိုယ်တိုင် မှတ်တမ်းတင်မှာ မဟုတ်ဘူးလေ။ ကျုပ်ကို သူတို့ အဲ့လောက်တုံးပါ့မလား ဆိုတဲ့ မယုံသင်္ကာပုံစံနဲ့ မေးတာနော်။ သူတို့ရိုက်ထားတဲ့ vdo တွေကို ပြပြီး အလှုခံတာပါလို့ ကျုပ်က ပြန်ဖြေလိုက်တော့ အားလုံးက They are terrorists. It’s terrorism. They are committing crimes. ဝိုင်းပြောကြတယ်။

စလုံးကောင်က ထပ်ပြီး အထွန့်တက်တယ်။ အဲ့တာတွေ ဘာလို့ မီဒီယာတွေထဲ မပါတာလဲတဲ့။ ပါလက်စတိုင်းကို အစ္စရေး‌ဗုံးကြဲလို့ ကလေးတွေ သေတာ အမေရိကန် မီဒီယာတွေထဲ ဖတ်ဖူးလား လို့ ကျုပ်လဲ သူ့ကို မေးလိုက်တယ်။

ကမ္ဘောဒီးယားကောင်က ရက်စက်ကြမ်းကြုတ်လွန်းတဲ့ Khmer Rouge တွေလဲ မနိုင်ခဲ့ပါဘူး။ မင်းတို့ပြည်သူတွေ အောင်ပွဲခံမှာပါလို့ ကျုပ်ကို အားပေးရင် ပြောတယ်။ ကျုပ်လဲ သူတို့ကို ပြန်ဖြန့်ပေးဖို့ video တွေ ရှဲလိုက်တယ်။ နည်းပညာခေတ်မှာ အမှန်တရားကို ဖုံးကွယ်ထားလို့ မရပါဘူးနော်။