ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံများ ၎င်းတို့၏ နေရပ် သို့ ပြန်လည်ဝင်ရောက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ဓမ္မသတ်ကျေးရွာ၊ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် ကော့ဘိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့်  အကြမ်းဖက်သောင်းကျန်း သူများကို တပ်မတော်စစ်ကြောင်းများက      အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation)ဖြင့် စနစ်တကျဆောင်ရွက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ  အဆိုပါ ဒေသများအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်း လင်းရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိသည့်  သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အခါ ၎င်းဒေသများသည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ် သည့်အတွက် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးစည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက် နေ့အထိ မွန်ပြည်နယ် ဓမ္မသတ် ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ် ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး၊ စုစုပေါင်း ၂၂၀ ဦးနှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၂၄ ဦး၊ စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက် နေထိုင်လာခဲ့ကြတယ်လို့ သိရပါတယ်။