ရှမ်းပြည်နယ် (အရှေ့ ) ပိုင်း၌ စားသုံးဆီများ ရောင်းချ

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဦးဆောင်မှုဖြင့် ဝယ်ယူရရှိသော စားသုံးဆီများအား စက်တင်ဘာ ၂ ရက်နေ့တွင် အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ စက်မှုဇုံလမ်း၌ စားအုန်းဆီလူတစ်ဦးလျင် (၁)ပိဿာ(၅၀၀၀)ကျပ်နှုန်း၊ ဟဲဟိုးမြို့တွင်လူတစ်ဦးလျင် (၁)ပိဿာ(၄၈၀၀)ကျပ်နှုန်း၊ အောင်ပန်းမြို့ ရွာငံစုရပ်ကွက်၊ မြို့မပြင်သာကျောင်းဘေးတွင် လူတစ်ဦးလျင်(၁)ပိဿာ (၄၅၀၀)ကျပ်နှုန်း။

ညောင်ရွှေ မြို့နယ် ညောင်ဝန်းနှင့် လင်းကင်းကျေးရွာ၊ ခေါင်တိုင်ဈေးတောင်နှင့် ဈေးမြောက်ကျေးရွာ၊ တောင်ပိုကြီး ကျေးရွာ ၊ ဘုရားနီ၊ သန်းတောင်၊ တောင်ကြားထဲနှင့် တောင်ကြားပြင်ကျေးရွာတို့၌ (၁)ပိဿာ (၄၈၀၀) ကျပ်နှုန်းဖြင့် ညောင်ရွှေမြို၊ ကံသာရပ်ကွက်နှင့်လယ်ခြေကျေးရွာ၌ ရောင်းချပေးခဲ့ကြောင်း။

ရပ်စောက်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့လယ်နာရီစင်အနီးတွင် ရွှေထိပ်တန်းကုန်စုံဆိုင် ဂိုဒေါင်၌ စားအုန်းဆီ(၄၂)ကျပ်သားပါဗူးတစ်ဗူးအား ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။