ငပလီကမ်းခြေကို လာရောက်လည်ပတ်တဲ့ ခရီးသွားနှစ်ဆကျော်ပိုတိုးလာ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ငပလီကမ်းခြေကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပခရီးသွား နှစ်ဆကျော်တိုးလာခဲ့တယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်မှာရှိတဲ့ ငပလီကမ်းခြေကို ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား ခုနှစ်သောင်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော် ခရီးသွားလာမှု ပိုမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က ငပလီကမ်းခြေကို ပြည်တွင်းပြည်ပခရီးသွား ၂၈၅၃၅ ဦးသာ လာရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ငပလီကမ်းခြေကို ပြည်တွင်းခရီးသွား ၇၅၁၆၆ ဦးနဲ့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၆၉၆ ဦး စုစုပေါင်း ၇၆၈၆၂ ဦး လာရောက်လည်ပတ်ခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံးကိုတော့ ပြည်တွင်းပြည်ပခရီးသွား ၂၇၂၃၈၀ ဦးလာရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။