မင်္လာရှိသော မနက်ခင်းလေးပါရှင်

လောဘနဲ့ဘယ်လောက်ရှာရှာ
တစ်နေ့ထားခဲ့ရမှာဖြစ်သလို

မာနနဲ့ဘယ်လောက်ကာကာ
တစ်နေ့တော့ပျက်စီးကြရမှာပါ ။

အပ်ဖျားတစ်ထောက်စာတောင်
ချမ်းသာမရှိတဲ့ ခန္ဓာကိုယ်ကို

ပိုင်ဆိုင်ထားတဲ့ ဒုက္ခသည်တွေမို့
ကိုယ်ချင်းစာတရားနဲ့ပဲ လူလုပ်ပါ ။

စိတ်စေတနာကောင်းဟာ
ကိုယ့်ဘ၀ရဲ့ အဆင့်တန်းဖြစ်လို့
ဖြူစင်မြင့်မြတ်အောင်ကြိုးစားပါ ။

စိတ်နဲ့တန်တဲ့ဘ၀ကိုရနိုင်တာမို့
မကောင်းတဲ့စရိုက်တွေနဲ့
ကိုယ့်ဘ၀ကို မရှင်သန်မိပါစေနဲ့ ။

သူများဘ၀ကိုစေတနာမေတ္တာတွေ
လုံး၀ ထားမပေးနိုင်ရင်တောင်
မကောင်းမြင်စိတ်တွေ မမွေးပါနဲ့ ။

သူများကို ဒုက္ခမပေးမိရင်
ဝဋ်လည်း မလည်နိုင်တော့သလို

အကောင်းမြင်ပေးလိုက်ရင်လည်း
ကိုယ့်ဆီ စိတ်မဆင်းရဲရတော့ပါဘူး ။

ကိုယ်ချမ်းသာဖို့အရေးအတွက်
အကောင်းဆုံးနဲ့သာ တုန့်ပြန်ပါ ။