တာကော်တံတားတွင် သိန်း ၁၄၀၀၀ နီးပါးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

အေပြီလ၂၆ ရက် နေ့ညနေပိုင်းတွင်တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ  ပူးပေါင်းအဖွဲ့သည် တာချီလိတ်ဘက်မှ ကာလိမြို့ဘက်သို့  ယာဥ်မောင်း စိုင်းထွန်းလှ ၂၆ နှစ် (ဘ)ဦးစိုင်းနွဲ့  ရပ်ကွက်(၃) မြို့သစ်ရပ် ကျိုင်းတုံမြို့နေသူ မောင်းနှင်ပြီး အိုက်ရီ ၄၈ နှစ် (ဘ)ဦးလုံးဆိုက်၊ ယန်လော့အုပ်စု၊ကျိုင်းတုံမြို့နေသူ လိုက်ပါလာသည့် Toyota Crown (ဖြူ/လိုင်စင်မဲ့) ယာဥ်အား ရပ်တန့်စစ်ဆေးရာ စိုင်းထွန်းလှဝတ်ဆင်ထားသည့် အပြာရောင်ဂျင်းဘောင်းဘီအတွင်းထည့်ထားသည့် Collagen တံဆိပ်ပါ Happy water ၅ ထုပ်၊ အိုက်ရီဝတ်ဆင်ထားသည့် ဖြူ/ကြား ဘောင်းဘီတို၏ ဝဲဘက်နောက်အိပ်အတွင်းမှ Collagen တံဆိပ်ပါ Happy water ၅ ထုပ်တို့ တွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဥ်နောက် ဝဲဘက်ခြမ်း/ယာဘက်ခြမ်းခန်းတံခါး နှင့် လိုင်နာကြားများ အတွင်းတွင်လည်းကောင်း၊ ယာဥ်နောက်ဖုံး အတွင်းခန်းနှင့် လိုင်နာကြား အတွင်းတို့တွင်လည်း​​ကောင်း သိုဝှက်သယ်ဆောင်လာသည့် Collagen တံဆိပ်ပါ Happy water (တစ်ထုပ်လျင် ၂၀ ဂရမ်ခန့်ပါ) ၆၂၅ ထုပ်၊ စုစုပေါင်း ၆၃၅ ထုပ် အလေးချိန်စုစုပေါင်း ၁၂.၇ ကီလို ဂရမ်ခန့် ကာလတန်ဖိုး သိန်း(၁၃၉၇၀)ခန့် တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ #Crd