မွန်ပြည်နယ်ဝန်ကြီးချုပ် ဓမ္မသကျေးရွာသို့ သွားရောက်ကြည့်ရှုထောက်ပံ့

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဧပြီလ ၂၇ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာသို့ သွားရောက်ကြည့်ရှုကာ ကျေးရွာနေပြည်သူများကို ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို ပေးအပ်ခဲ့တယ်လို့သိရပါတယ်။