နိုဝင်ဘာ ၅ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၄ ရက် ၂၀၃၅ နာရီတွင် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာနေ ဦးဆန်းဦး(၅၄)နှစ်၊ ခြံလုပ်ငန်းလုပ်ကိုင် သူသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ကျား ၂ ဦးမှ လက်လုပ်သေနတ်ကို ၁ လက် ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးဆန်းဦးအား ဆောင်နိုင်ဂွကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၄ ရက် ၁၀၅၅ နာရီတွင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား   ၂၀ ဦးခန့်မှ ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် မသိမ့်သိမ့်သူ(၃)နှစ်တွင် ဝမ်းဗိုက် ဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ မခင်သန်းဦး (၂၅)နှစ်တွင် ယာပေါင် ဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ မသန္တာစိုး(၂၅)နှစ်တွင် ယာပေါင် ဗုံးစဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)၊ ဒေါ်နှင်းမြိုင်(၆၅)နှစ်တွင် ရင်အုံ ဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်ညွန့်စိန်(၅၈)နှစ်တွင် ယာနားထင် ဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၄ ရက် ၀၅၃၀ နာရီတွင် မုံရွာမြို့နယ်၊ ကော်လဗျကျေးရွာ အနီးရှိ PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ရန်ကြီးအောင် ဦးစီး အင်အား(စိစစ်ဆဲ) ပစ်ခတ်ခဲ့သော ၁၀၇ မမ လက်လုပ်ရှော့တိုက်ဒုံး     ၁ လုံးသည် စရတ(နမခ)ဌာနချုပ်ရုံးရှေ့ မီတာ ၅၀ ခန့်အကွာ မြက်ခင်းပြင်၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် မြေကျင်းအနက် ၃ ပေ၊ အကျယ် ၅ ပေခန့် ဖြစ်ပွားခဲ့ပြီး ပလက်ဖောင်း ၅ ပေခန့် ကြေမွပျက်စီးခဲ့ကြောင်းနှင့် လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။