လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၈ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုင်မြို့နယ်တွင် ပခုက္ကူ – ကမ္မ – မင်းတပ် လမ်းပိုင်းတစ်နေရာတွင် စစ်တပ် ယာဉ်တန်းများဖြတ်သွားမည်ဟု သိရသောကြောင့် မိုင်းရှင်းရန်လာစောင့်နေသည့် စစ်သားနှင့် ပျူစောထီးများကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရ ပျူစောထီး ၅ ဦးနှင့် စစ်သား ၃ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၇ ရက်နေ့၌ မြိုင်မြို့နယ် ပခုက္ကူ – ကမ္မ – မင်းတပ် လမ်းပိုင်းတစ်နေရာတွင် လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက အဝေးမှ ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး Khit Thit မှ အထင်မှားအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။