Khit Thit ကရေးတဲ့ စစ်တပ်ကမီးရှို့လို့ နေအိမ် ၆၀ ကျော်မီးလောင်ပြာကျတယ်ဆိုတဲ့ သတင်းမှား

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရဲဗဒိုင်းကျေးရွာ မြစ်ကမ်းမှ စစ်သင်္ဘော ၂ စီး၊ စက်လှေ ၆ စီးဖြင့် စစ်တပ်စစ်ကြောင်းက ဧရာ၀တီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အောင်သုခကျွန်း ကျေးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၆၀ နီးပါး မီးလောင်ပြာကျသွားကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၁၆ ရက် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာတွင် တပ်မတော်စစ်ကြောင်းဝင်ရောက်ခဲ့ခြင်းမရှိသလို တပ်မတော်စစ်ကြောင်းမီးရှို့ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများမုန်းတီးအောင် တမင်ရည်ရွယ်ကာ ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့လို့ နေအိမ် ၆၀ နီးပါးမီးလောင်တယ်ဆိုပြီး စိတ်ကူးပုံဖော်ကာလုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။