မေလ ၈ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်
မံစီမြို့အတွင်း နယ်မြေရှင်းလင်းစဉ် မောရဝတီရပ်ကွက်သို့အရောက် KIA နှင့် အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က ၁ ကြိမ်၊ မံစီမြို့တော်ခန်းမသို့အရောက် အင်အား ၅၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း KIA ၁ လောင်း၊ RPG ၁ လက်၊ ဒုံးသီး ၄ တောင့်၊ ပို့ကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့။

ကရင်ပြည်နယ်
ဖာပွန်မြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းတစ်ခုသို့ KNLA တပ်မဟာ ၅ ၊ ရင်း ၁၀၂ နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ခန့်က Drone များဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်အတွင်း KNLA ၂ လောင်း၊ အေကေ(၄၇) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း
ဖောင်းပြင်မြို့နယ် ၊ ချောင်းခွကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်အလောင်း ၂ လောင်း၊ ၄၀ မမဗုံးသီး ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့။

မကွေးတိုင်း
ပခုက္ကူမြို့နယ် ကန်သစ်ရွာ အနောက်တောင်ဘက်ရှိ အကြမ်းဖက်အဖွဲ့များ နေထိုင်သည့် စခန်းနေရာအား ရှင်းလင်းစဉ် မသင်္ကာဖွယ် လူ ၂ ဦး ဆိုင်ကယ် ၁ စီးဖြင့် မြောက်ဘက်သို့ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက် ၂ လောင်း၊ ၁၂ ဘိုးလ်သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၆ လက်၊ ကျည်မျိုးစုံ ၅၄၇ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၃ လုံး၊ မိုင်းမျိုးစုံ ၁၅ လုံး၊ အိုင်ကွန် ၅ လုံး၊ ဝါယာကြိုး ၂၀ ခွေ၊ ဆေးမျိုးစုံ ၃ အိတ်၊ တဲမျိုးစုံ ၁၁ လုံး၊ ဆိုင်ကယ်(မောင်းမရ) ၅ စီး၊ Nissan ယာဉ်(မောင်းမရ) ၁ စီး သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ