အလယ်စခန်းရွာအနီးတွင် စစ်သား ၃၅ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၂၀၀ ခန့်ဖြင့် အလယ်စခန်းအနီးသို့ စစ်ကြောင်းထိုးလာသော စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေ ခုရက်ပိုင်းမှာ အသေအပျောက်များနေတာကို Khit Thit မှ အမှန်မရေးဘဲ စစ်သား ၃၅ ဦး သေတယ်ဆိုပြီး လူထင်ကြီးအောင် စိတ်ကူးယဉ် လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck