PDF များနှင့် တိုက်ပွဲဖြစ်ပွား၍ စစ်သား၃ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း စံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဒုတိယဗိုလ် ၁ ဦး နှင့် တပ်ကြပ် ၁ ဦးတို့ သေဆုံးပြီး ၁၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ PDF တွေ အလှူခံတောင်းစားလို့ကောင်းအောင် ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။