တံတားဦးကျေးရွာအနီးရှိ တံတားအား KNU/PDF အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး မိုင်တိုင်အမှတ် ၁၃၇/၀ နှင့် ၁၃၇/၁ အကြားတွင်ရှိသော အကျယ် ၁၅ ပေခန့်ရှိသည့် တံတားကို KNU/PDF အကြမ်းဖက်များမှ မေလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သထုံမှဘီးလင်းဘက်သို့ မောင်းနှင်လာသော ဦးသန်းဇော်၊ အသက် ၅၄ နှစ်၊ နတ်မောက်မြို့၊ မကွေးတိုင်းဒေသကြီးနေသူ၏ ၁၀ ဘီးကား HINO အဖြူရောင်၏အရှေ့ဖက် လေကာမှန်ကွဲကြေ၍ အရှေ့မီးသီးနှင့် ကာဘာများပျက်စီးသွားပြီး ဦးသန်းဇော်တွင် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့သိရပါတယ်။ #Crd