အေးသာယာမြို့၊ ပန်ကွေကျေးရွာတွင် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

OPERATION 39 အထူးစစ်ဆင်ရေးနယ်မြေအတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည်၂၀၂၃ ဖေ ၂၀၁၇၃၀ ချိန်ခန့်တွင် သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပန်ကွေကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာ၊ အိမ်အမှတ်(နဟ-၂၄၄) နေ ကျင်းတေ(ခ)လောက်ကျင်၏ နေအိမ်အား သတင်းအရဝင်ရောက် ရှာဖွေခဲ့ရာ ကျင်းတေ(ခ)လောက်ကျင်အား နေအိမ်အိပ်ခန်းတွင်တွေ့ရှိ ရပြီး ၎င်းနေအိမ်အိပ်ခန်း ကြမ်းပြင်ပေါ်မှ အဝါရောင်ဆာလာအိတ် အတွင်း အဝါရောင်တိပ်ပတ်လျက် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ပြားစီပါ အထုပ်(၆)ထုပ်၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား၊ ဆေးပြားတစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ကိုင်ဆောင် အသုံးပြုသည့်ဖုန်းအမှတ် ၀၉၄၅၈၉၈၅၀၁၃၊ ၀၉၇၇၇၄၁၃၂၉၂ ဆင်းကတ် (၂)ကတ်ပါ Redmi အမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။