မုံရွာမြို့ပေါ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးတဲ့ သတင်းအမှားရေးသား

မတ်လ ၈ ရက်နေ့ မုံရွာမြို့၊ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားစဉ် အကြမ်းဖက် PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း တပ်မတော်သား ၁၅ဦး သေဆုံးခဲ့ပြီး
အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၈ ရက်နေ့ မုံရွာမြို့၊ ညောင်ပင်စောက်လဝကရုံးရှိ တပ်မတော်တပ်ဖွဲ့ဝင်များအား
PDF များမှ ချောင်းမြောင်းတိုက်ခိုက်လာသောကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်နှင့် လက်လုပ်မိုင်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး တပ်ဖွဲဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF တွေ အထိနာများသောကြောင့် Khit Thit Media မှ အမှန်မရေးရဲဘဲ ဗြောင်လိမ်ဗြောင်စားလုပ်ကာ တပ်ဖွဲဝင် ၁၅ ဦး သေဆုံးတယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm