မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂါလီလူမျိုး ၇၀ ဦးဖမ်းဆီးရမိ

       ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂါလီလူမျိုး ၇၀ ဦးဖမ်းဆီးရမိကြောင်း၊ ၎င်းဘင်္ဂါလီလူမျိုးများကို ရခိုင်လူမျိုး ၇ ဦးဖြစ်သည့် ရန်လင်းအောင်(ခ) ရွှေသွေး ၃၄ နှစ် (ဘ) ဦးမောင်ဦး၊ယာဥ်မောင်း၊အမှတ်(၁)ရပ်ကွက်၊ရွှေသောင်ယံမြို့၊ပုသိမ်မြို့နယ်နေသူ၊ သူရအောင် ၂၃ နှစ်(ဘ)ဦးဝင်းမြင့်၊ယာဥ်မောင်း၊ခိုင်ရွှေဝါလမ်း၊အမှတ်(၂)ရပ်ကွက်၊ချောင်းသာမြို့၊ပုသိမ်မြို့နယ်နေသူ၊ ဝင်းထက်အောင် ၃၈ နှစ် (ဘ) ဦးသန်းအောင်၊ယာဥ်မောင်း၊ပြည်/ပေါက်ခေါင်းလမ်းတာခွဆုံ၊ပြည်မြို့နယ်နေသူ၊ အေးမင်း ၄၁ နှစ် (ဘ) ဦးကျော်ဝင်း၊ စျေးရောင်း၊အမှတ်(၂၂၆၁)၊သမိန်ဗရမ်းလမ်း၊ကျန်စစ်သားရပ်ကွက်၊ဒလမြို့နေသူ၊ ငြိမ်းချမ်းထွန်း ၄၃ နှစ်(ဘ) ဦးသန်းထွန်း၊ ရေလုပ်သား/ပဲ့နင်း၊ရွှေဆံ​တော်(၆)လမ်း၊တွံတေးမြို့နေသူ၊ စိုးလှိုင် (ခ) အိတုန် ၃၈ နှစ်(ဘ) ဦးချစ်ငွေ၊ လယ်လုပ်၊တလိုင်းစုကျေးရွာ၊ဝါးခယ်မမြို့နယ်နေသူ၊ တင်ကိုဝင်း ၂၇ နှစ်(ဘ) ဦးအောင်ကျော်စိုး၊ လယ်လုပ်၊စံပြရွာသစ်ကျေးရွာ၊ဝါးခယ်မမြို့နယ်နေသူတို့က  တနင်္သာ ရီတိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာစဥ် ယခုလို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

       ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုးမှာ တော်ကီ ၁၇ နှစ် (ဘ) ဦးအနူရိုဟုတ်၊ ကျဘမ်း၊မူဆလင်/အစ္စလာမ်၊တက်ကနက်ကျေးရွာ၊ဘူးသီးတောင်မြို့နယ်နေသူပါ ကျား ၅၈ ဦး၊ အာဆမန် ၁၂ နှစ် (ဘ) ရာဘူရာဟာမန်၊ကျဘမ်း၊မူဆလင်/အစ္စလာမ်၊ချီတာဟာရာကျေးရွာ၊မောင်းတောမြို့နယ်နေသူပါ မ ၁၂ ဦး စုစုပေါင်း ၇၀ ဦးဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးရ မိဘင်္ဂါလီလူမျိုး ၇၀ ဦးအား   ငပုတောမြို့နယ်၊အရှေ့ပိုင်းရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ”ကောင်းသန့်” ရေသန့် ဂိုဒေါင်တွင် လုံခြုံရေးအစောင့်များချထားကာ ထိန်းသိမ်းထားရှိကြောင်းနှင့် ခေါ်ဆောင်လာသူ ရခိုင်လူမျိုး ၇ ဦးအား ငပုတောရဲစခန်းတွင် အမှုဖွင့်ချုပ်နှောင်ထားကြောင်း၊
၎င်းတို့ကို တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တုန် ၃၈ နှစ်(ဘ) ဦးချစ်ငွေ၊ လယ်လုပ်၊တလိုင်းစုကျေးရွာ၊ဝါးခယ်မမြို့နယ်နေသူ၊ တင်ကိုဝင်း ၂၇ နှစ်(ဘ) ဦးအောင်ကျော်စိုး၊ လယ်လုပ်၊စံပြရွာသစ်ကျေးရွာ၊ဝါးခယ်မမြို့နယ်နေသူတို့က  တနင်္သာ ရီတိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာစဥ် ယခုလို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရှိရပါသည်။