မြန်မာပြည်သူများကို ကာကွယ်ခြင်း(၅)

******************************
(16-10-22)
(၁) ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)
မြို့နယ်တွင်နေထိုင်၍ KNU တပ်မဟာ(၆)နယ်
မြေတွင် အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့
သော တရားခံ
* ရဲဇော်လင်း(ခ)စကိတ်အား
အကမ-၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်
(၇)နှစ်ချမှတ်လိုက်ကြောင်း။

(၂) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်
တွင်နေထိုင်၍ လူမှု ကွန်ရက်စာမျက်နှာများပေါ်၌
မဟုတ်မမှန်သတင်းများဖြန့်ဝေရေးသားခဲ့သူ တရားခံ
* ညိုဝင်း(ခ)မျိုးဝင်းအား
ရာ-၅၀၅-က(ခ)အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ်(၃)
နှစ်ချမှတ်လိုက်ကြောင်း။

(၃) ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့
နယ်၊ ရွှေလင်ပန်းစက်မှုဇုန် မြေတိုင်း(၂၂)၊ ဗိုလ်အောင်
ကျော်လမ်းမပေါ်၌ အလုပ်မှပြန်လာသူဇနီး မောင်နှံ
နှစ်ဦးအား ဓားဖြင့်ထောက်၍ လက်ကိုင်ဖုန်းများအား
လုယက်ခဲ့ ကြသည့် တရားခံများဖြစ်သော
* ငြိမ်းချမ်းအောင်၊
* ငွေအောင်လင်း၊
* ကျော်ရဲနိုင်၊
* မဲကြီးတို့ (၄)ဦးအား
ရာ-၃၉၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)
နှစ်စီချမှတ်လိုက်ကြောင်း။

(၄) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊
ဗန္ဓုလအိမ်ရာအနီးတွင် သုံးဘီးဘေးတွဲဆိုင်ကယ်
မောင်းနှင်သူအား ဓားဖြင့်ထောက် ထိုးကြိတ်၍
ငွေ ၃၀၀၀ ကျပ်နှင့် ဘေးတွဲဆိုင်ကယ်လုယက်ခဲ့
ကြသည့် တရားခံများ ဖြစ်သော
* ဘိုဘိုထွန်း၊
* ရန်ကျော်နိုင်၊
* ရန်နိုင်တို့ (၃)ဦးအား
ရာ-၃၉၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၀)နှစ်စီ
ချမှတ်လိုက်ကြောင်း။

(၅) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၆)ရပ်ကွက်
တွင်နေထိုင်၍ ရည်းစား ဖြစ်သူ အကြမ်းဖက်သမား
အား သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းမရှိဘဲ
နေအိမ်၌လက်ခံထားရှိခဲ့သော တရားခံဖြစ်သူ
* မတင်ဇာအောင် အား
အကမ-၅၂(ခ)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၇)နှစ်
ချမှတ်လိုက်ကြောင်း။

(၆) ရွှေပြည်သာမြို့နယ်(၃)ရပ်ကွက်၊ သဇင်လမ်းနှင့်
မြို့ပတ်လမ်းထောင့်တွင် WY စာတမ်းပါ စိတ်ကြွရူး
သွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသော တရားခံ
* ကျော်ဇောဟိန်းအား
မှူး/စိတ်-၁၆ (ဂ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၁၀)နှစ်ချမှတ်လိုက်ကြောင်း။

(၇) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များတွင် ဒုစရိုက်မှု
များကျူးလွန်ရန်အတွက် ဓားကိုင်ဆောင်၍ သွားလာ
ခဲ့ကြသော တရားခံများဖြစ်သည့်
* သိန်းထိုက်အောင်၊
* ရဲကိုကို(ခ) ကရင်၊
* သူရကျော်(ခ)ကိုသူတို့ (၃)ဦးအား
လက်နက်-၁၉(င)အရ အလုပ် ကြမ်းနှင့်ထောင်ဒဏ်
(၃)နှစ်စီ ချမှတ်လိုက်ကြောင်း။

(စစ်တရားရုံးနေ့ရှိတိုင်း တင်ပြပါမည်)