အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲ ကျင်းပမည်

အလုပ်သမားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်များပြပွဲကို နေပြည်တော်၌ ကျင်းပမည်ကြောင်း သိရပါတယ်။

အဆိုပါ ပြပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးအတွင်း မေလ (၁) ရက်မှ မေလ (၅) ရက်အထိ (၅) ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ပြခန်းစုစုပေါင်း (၅၄)ခန်း ပါဝင်မည်ဖြစ်ကာ နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ်မှ ပြည်တွင်း MSME ထုတ်ကုန်များ၊ စက်မှုထုတ် ကုန်များ၊ ဒေသထွက်ကုန်များနှင့် ဌာနဆိုင်ရာပြခန်းများက ပြသရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။ #Crd