ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်) ဆရာတော်အား ဖူးမြှော်ကြည်ညို

၂၀၀၄ ခုနှစ်က Oriental Institute,University of Oxford မှပါရဂူဘွဲရရှိခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊တောင်

ကြီးမြို၊ပန်းတင်ကျေးရွာ အုပ်စု၊ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်)ဆရာတော်အား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်)ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိထံမှ နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊
ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြသည်။