၂၈-၉-၂၀၂၃ရက်က ကုန်စျေးနှုန်းများ

ယနေ့ အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည် ဒိုင်များမှ ရရှိသည့် ကုန်ဈေးနှုန်းများအရ မတ်ပဲဈေး ဆက်တိုက် ကျဆင်းနေပြီး ပဲစင်းငုံနီမှာ ဈေးငြိမ်နေပါသည်။ ပြောင်းဆန်ဈေးလည်း ဆက် တိုက် ကျဆင်းနေသည်။ ကြက်သွန်နီဈေး မြင့်တက်လာပြီး ကြက်သွန်ဖြူဈေးမှာ ဈေးငြိမ်နေပါ သည်။

        မတ်ပဲ (FAQ/RC) တစ်တင်းကို ၈၀,၃၈၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၈၉,၃၉၀ ကျပ်၊ မတ်ပဲ (Raw) တစ်တင်းကို ၃,၉၈၀ ကျပ်မှ ၄,၁၂၀ ကျပ်ထိ၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၈,၆၂၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၇၅၀ ကျပ်မှ ၃,၆၃၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၈၀ ကျပ်မှ ၄,၆၇၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၆၆၅ ကျပ်မှ ၄,၇၂၀ ကျပ်ထိ၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၈၀ ကျပ်မှ ၁,၁၀၀ ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၉၀၀ ကျပ်မှ ၆,၂၀၀ ကျပ်ထိ၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၅၅၀ ကျပ်မှ ၃,၁၀၀ ကျပ်ထိ၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၇,၃၀၀ ကျပ်မှ ၈,၆၀၀ ကျပ်ထိ၊ ထန်းလျက် တစ်ပိဿာကို ၃,၆၀၀ ကျပ်မှ ၅,၈၀၀ ကျပ်ထိ ဖြစ်ပေါ်နေပါသည်။

        နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နှင့် စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၃၆.၇၉ ကျပ် ဈေးဖြစ်ပါသည်။

       စက်သုံးဆီဈေးနှုန်းများမှာ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ Octane 92 တစ် လီတာကို ရန်ကုန်တွင် ၂,၂၃၅ ကျပ်၊ မန္တလေးတွင် ၂,၂၈၅ ကျပ်၊ နေပြည်တော်တွင် ၂,၂၈၀ ကျပ်၊ Octane 95 တစ် လီတာကို ရန်ကုန်တွင် ၂,၃၄၅ ကျပ်၊ မန္တလေးတွင် ၂,၃၉၅ ကျပ်၊ နေပြည်တော်တွင်၂,၃၉၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၅၄၅ ကျပ်၊ မန္တလေးတွင် ၂,၅၉၅ ကျပ်၊ နေပြည်တော်တွင် ၂,၅၉၀ ကျပ်၊
Premium ဒီဇယ် တစ် လီတာကို ရန်ကုန်တွင် ၂,၆၂၀ ကျပ်၊ မန္တလေးတွင် ၂,၆၇၀ ကျပ်၊ နေပြည်တော်တွင် ၂,၆၇၀ ကျပ် ဈေးရှိနေပါသည်။

       ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း (၂,၂၁၀,၁၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း တစ်သောင်း တစ်ရာ ရှိနေသည်ဟု သိရပါသည်။

(PAN news)