မာဆေးလ်နည်းပြသစ်အဖြစ် ဂတ်တူဆိုကိုခန့်အပ်

ပြင်သစ်ထိပ်သီးကလပ် မာဆေးလ်အသင်းက အသင်းနည်းပြသစ်အဖြစ် အီတလီလူမျိုးနည်းပြ ဂတ်တူဆိုကို တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။
အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂတ်တူဆိုဟာ အေစီမီလန်နှင့် နာပိုလီအသင်းများကို ကိုင်တွယ်ခဲ့ပြီး ယခုနှစ်အစပိုင်းက ဗလင်စီယာနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်ပါတယ်။
မာဆေးလ်အသင်းက ဂတ်တူဆိုကို ယခုရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။


Photo: Marseille FC