မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ပုထိုး စေတီများ ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျှက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှပြည်တွင်း ဘုရားဖူးလာရောက်ကြသူများ ယနေ့ နံနက် ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရ သည်။