အမြန်လမ်း ၂၂၂ မိုင်အနီးမှာ အိမ်စီးကားတစ်စီးတိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရသူများရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီး၌ ယနေ့ ဧပြီ ၈ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်တွင် Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းကြောင်း MFSD ထံမှ သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်ပေါ်၌ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကာ အမျိုးသမီး ၁ ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

crd’