သင်္ကြန်ကာလအတွင်းမှာ စက်သုံးဆီဂါလန် သန်း ၆၀ တင်ဆောင်လာမည့် သင်္ဘောများ ဆိုက်ကပ်မည်

သင်္ကြန်တွင်းကာလဖြစ်သည့် ဧပြီ (၁၆) ရက်မတိုင်မီ စက်သုံးဆီဂါလန် သန်း (၆၀) တင်ဆောင်လာမည့် ဆီတင်သင်္ဘော ၁၃ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။

အဆိုပါ ရန်ကုန်ဆိပ်ကမ်းသို့ လစဉ် စက်သုံးဆီတင် သင်္ဘောအစီးရေ (၃၀) နှင့်အထက် ဆိုက်ကပ်လျှက်ရှိကာ ပြီးခဲ့သည့် မတ်လအတွင်း ဆီတင်သင်္ဘောအစင်းရေ (၃၂) စင်း ဝင်ခဲ့ပြီး ဆီအတင်အချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ဆိပ်ကမ်းသို့ သင်္ဘောဝင်ရောက်ရန် ဆက်သွယ်သတင်းပေးပို့ထားသည့် ဆီတင်သင်္ဘောအစင်းရေ ၈ စင်းနှင့် ၁၀ စင်းကြားမှာရှိကြောင်းလည်း သိရသည်။