ကျောင်းစာတစ်လှည့် သာ့သနာတာဝန်ကတစ်ဖက်

ရုရှားနိုင်ငံအတွင်း ထေရဝါဒဗုဒ္ဓသာသနာတော် ပြန့်ပွားထွန်းကားရေးအတွက် မော်စကိုမြို့ ၊မြန်မာထေရဝါဒဗုဒ္ဓဝိဟာရတွင် သီတင်းသုံး သာသနာပြုတော်မူလျက်ရှိသည့် ဆရာတော်အရှင်နန္ဒမာလာလင်္ကာရသည် ဇူလိုင်လ ၅ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့၊ Moscow State University of Technology “STANKIN” (MSUT) တက္ကသိုလ်၊ Department of Sociology, Psychology and Pedagogy ဌာနတွင် မဟာဘွဲအတွက်အောင်မြင်စွာ စာတမ်းတင်သွင်း ဖတ်ကြားတော်မူခဲ့ကြောင်း သိရပါတယ်။