အောက်တိုဘာ ၂၆ ရက်နေ့ မှုခင်းသတင်းများ

-အောက်တိုဘာ ၂၅ ရက် ၀၉၃၀ နာရီတွင် ထားဝယ်မြို့၊ တလိုင်းထိန်/တလိုင်းမရပ်ကွက်၊ ကမ်းနားလမ်း၊ ကမ်းနားပန်းခြံထောင့်၌ လက်လုပ်အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ချိန်း အပိုင်းအစများ တွေ့ရှိခဲ့ပြီး ထပ်မံရှင်းလင်းခဲ့ရာ ဖြစ်စဉ်နေရာအနီးမှ Keypard ဖုန်း၊ သံပိုက်တို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၂၅ ရက် ၀၉၀၀ နာရီတွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဖောင်းတောကျေးရွာနေ ဦးသိန်းဟန်(၆၈)နှစ်သည် ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဥယျာဉ်ခြံ၏ အရှေ့ဘက် မီတာ ၆၀၀ ခန့်အကွာအရောက်၌ အကြမ်းဖက်သူများ ထောင်ထားသည့် မိုင်းအား နင်းမိ ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးသိန်းဟန်တွင် ဝဲခြေကျင်းဝတ်အောက် ပြတ်ထွက်၊ ယာခြေသလုံး မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၅ ရက် ၁၇၀၀ နာရီတွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ အင်းစိန်မြို့နယ်စုပေါင်းရုံးအနီး၌ မသင်္ကာဖွယ်ရာ အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အထုပ်အတွင်းမှ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်းနှင့် ကိုက် ၂၀ ခန့်အကွာမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။

-အောက်တိုဘာ ၂၅ ရက် ၁၁၀၀ နာရီတွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာနေ ဦးအောင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်ကောင်း တို့သည် ကျေးရွာအနီးရှိ ၎င်းတို့ပိုင်ဆိုင်သော မြေပဲခင်းသို့ သွားရောက်ခဲ့ရာ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ဦးအောင်စိုး(၄၈)နှစ်၊ တောင်သူတွင် ဝဲခြေသလုံး ပြတ်ထွက်ဒဏ်ရာ ၁ ချက်၊ ယာခြေထောက်မိုင်းစ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်တွင် မိုင်းစဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဆီးခုံ ယာဘက်ခြမ်းတွင် မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၅ ရက် ၁၄၀၅ နာရီတွင် အောင်​မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊ ၆၆ လမ်း၊ ၁၁ လမ်းထောင့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွှေဆည်သူရကျော် မုန့်သိုင်းခြုံဆိုင်မှ ဦးသူရလင်း(၄၂)နှစ်၊ ကျောက်ဆည်မြို့နယ်၊ ငါးဆူပတ္တာကျေးရွာနေသူတွင် ယာပေါင်ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၅ ရက် ၀၁၃၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား၊ ကျောက်တံခါး မြို့၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ရန်ကုန် – မန္တလေး ရထားလမ်းကြေးနန်းမိုင်တိုင် အမှတ်(၁၀၄/၀)သို့ အကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ရထားလမ်း ဟောင်းနှင့် လမ်းသစ်တို့တွင် မီးရထားသံလမ်း ၂ ပေခန့်စီ ပျက်စီးခဲ့ကြောင်းသိရှိရ။