တက္ကသိုလ်ဝင်ဖြေဆိုနေတဲ့ ကျောင်းသား/သူများကို အအေးလှူဒါန်း

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့စာစစ်ဌာန၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(G-12)၊ ဓါတုဗေဒ/ပထဝီဝင်ဘာသာရပ်အား အနှောင့်အယှက်မရှိအေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြသော ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့်လုံခြုံရေးအဖွဲ့များကို ဖားအောက်ရွှေပါရမီတောရ(ဘုရားကြီး)အဖွဲ့မှRoyal-D အအေးဗူးများဖြင့်လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။ အလားတူ မော်လမြိုင်မြို့နှင့် ပေါင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများနှင့် စေတနာရှင်များက အအေးဗူးများ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ပဲခူး ဘုရားကြီးမြို့က တက္ကသိုလ်ဝင်ဖြေဆိုနေတဲ့ ကျောင်းသား/သူများ

မော်လမြိုင်မြို့က တက္ကသိုလ်ဝင်ဖြေဆိုနေတဲ့ ကျောင်းသား/သူများ