ကျောက်ဆည်မြို့ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ ဆူးကုန်းရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဗိုလ်ချုပ်ပန်းခြံကြား ရုံးကြီးသွားလမ်းဘေးတွင် မေလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ဖြစ်စဉ်အတွင်း လူနှင့်ဆောက်အဦးထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။