အမှောင်ခွင်း၍ အလင်းရောက်သူ (၂)

အဆင့် – တပ်သား
အမည် – မျိုးထက်ဦး
ကပနံပတ် – AA – 5680
အဖွဲ – ပုဏ္ဏားကျွန်း(ထောက်ပံ့တာဝန်ခံ)
==========
(ထုတ်ဖော်ပြောကြားချက်)
– ရသေ့တောင်မြို့နယ်၊ ဘာထလီကျေးရွာတွင် မွေးဖွားပြီး ၈ တန်းထိပညာသင်ယူခဲ့။
– အဖ (ဦးသန်းရွှေ)(ကွယ်)+ အမိ(ဒေါ်အေးမြင့်)(ကွယ်)၊ မိဘ/မိသားစု မရှိ။
– ၂၀၁၉ ဖေဖော်ဝါရီတွင် AA သူပုန်အဖွဲ့၏ လူသစ်စုခြင်းခံရ။
– ကျွဲချရွာအနီးတွင် စခန်းချနေထိုင်ကြပြီး AA တမဟာ(၄) လက်အောက်ခံဖြစ်ကာ
ဌာနချုပ်အား ဘင်္ဂလားဒေ့ရှ်တွင် ဖွင့်လှစ်ထား။
– တမဟာ(၄)ခေါင်းဆောင်မှာ ကျော်ထူး ဖြစ်ပြီး အင်အား (၂၀၀)ခန့်ရှိ။
– လက်ရှိ ၎င်းတိုအဖွဲ(၂၅) ဦးတွင် ဆန်(၂၀၀)ပြည်၊ ကြက်သွန်နီ(၂)အိတ်၊ ကြက်သွန်ဖြူ(၂)အိတ်၊
ငါးနီတူ (၅၀)ပိဿာ၊ WY ဆေးပြား (၅၀၀)ခန့်ရှိ။
– M-22 သေနတ် (၂၀)လက်၊ တရုတ်စက်လတ် (၂)လက်၊ RPG (၁)လက် ရှိ။
– ရိက္ခာ/ ဆေးဝါး (၁)လစာကျန်ရှိပြီး တပ်က ဖြတ်တောက်ထားသောကြောင့် ချွေတာစားရန်
ပြောကြားထားတယ်လို့ သိရပါတယ်။

AA တပ်သား မျိုးထက်ဦးသည် M-22 သေနတ်(၁)လက်၊ ကျည် (၁၇)တောင့်နှင့်အတူ
ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ရွာမှာရှိတဲ့ စစ်ကြောင်းထံသို့ လက်နက်ဖြင့် အလင်းဝင်ရောက်လာခဲ့ ။

အကြောင်းမှာ နှမဒါစခန်းအတိုက်ခံရချိန်တွင် ဆုတ်ခွာပြေးတဲ့ AA အဖွဲဝင်တွေရဲ့ မိဘများကို
ခေါင်းဆောင်များက အရှင်လတ်လတ် မီးရှိ့အပြစ်ပေးသည်ကို မျက်မြင်တွေ့ရှိရပြီး မလုပ်ချင်သောကြောင့်
အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
(ဆက်ရန်)