အရာတော်မြို့နယ်၊ မင်းကျေးရွာတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မင်းကျေးရွာတွင် PDF အကြမ်းဖက်များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ မင်းကျေးရွာအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းကျေးရွာအတွင်းမှ PDFအကြမ်းဖက်များ၏

  • လက်လုပ်သေနတ်— ၉ လက်
  • လက်လုပ်စိန်ပြောင်း –၁ လက်
  • လက်လုပ်စိန်ပြောင်း ဗုံးသီး— ၁၈ လုံး
  • လက်လုပ် ၄၀ မမ ဗုံးသီး— ၂၅ လုံး
  • လက်လုပ် တိုက်မိုင်း —-၄၂ လုံး
  • ယမ်းမှုန့်မျိုးစုံ —-၁ အိတ်
  • ဝရိန်ပုံး ——၁ ပုံး
  • ကျောက်စက် —-၄ လုံး
  • သံဖောက်စက် —–၁ လုံး
  • UAV ပုံစံပြုလုပ်သည့်ဖော့ Farme ပြုလုပ်ဆဲ —-၂ ခု
  • Drone ပြုလုပ်သည့် Farme ပြုလုပ်ဆဲ —-၂၃ ခု
  • သံတိုသံစ —-၁ အိတ်
  • ဝါယာကြိုး —၃ ခွေတို့အား သိမ်းဆည်းရှိခဲ့ကြောင်း သိရှိရပါတယ်။