ဂန့်ဂေါမြို့နယ်၊ မကျည်းခင်ကျေးရွာအနီးတွင် PDF များ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မကျည်းခင်ကျေးရွာအနီးတွင် PDF ပဒက်ကင်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့ ၂ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ မကျည်းခင်ကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောက်လုပ်ငန်းများ ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်နေသည့် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပဒက်များမှာ အထိနာကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားပြီး PDF အကြမ်းဖက်သမားများထံမှ

  • PDF အလောင်း– ၂ လောင်း
  • AK 47 သေနတ် –၁ လက်
  • ကျည်အိမ်—– ၂ ခု
  • ၎င်းကျည် —–၄၄ တောင့်
  • စကားပြောစက် —၁ လုံး
  • Drone အပျက် –၁ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ PDF တို့နေဝင်ချိန်ရောက်နေပြီ။