ပြည်မြို့မှာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ အတာရေသဘင်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းအနီး ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့တို့၌ ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲဝင်များ၊ ခရိုင်နှင့်မြိုနယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုပေါ်ရပ်ကွက်နှင့်ဌာနဆိုင်ရာယိမ်းအဖွဲများ၊ ဒေသခံပြည်သူများတက်ရောက်ဖွင့်လှစ်ခဲ့ တယ်လို့သိရပါတယ်။