တပ်မတော်သားမိသားစုဝင်များအတွက် PCT ကအမြဲအသင့်ရှိနေပါတယ်

အင်တာနက်စာမျက်နှာပေါ်ကနေ သားဖြစ်သူ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီး ခြင်းကိုခံလိုက်ရတယ်ဆိုတဲ့ အသိနဲ့ သောကဗျာပါဒ ရောက်နေရတဲ့ ဖခင်တစ်ဦး

==============

တစ်နေ့မှာတော့ အကြမ်းဖက်သမားများရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ တပ်မတော်သား တစ်ချို့ရဲ့  Video ထဲတွင် သားဖြစ်သူ အေးမင်းထွန်း နဲ့ တူနေသဖြင့် အသိမိတ်ဆွေတစ်ဦးက လာရောက်ပြသခဲ့ရာ ဖခင် ဖြစ်သူ ဦးအေးထွန်းမှာ သားဖြစ်သူ ခမရ ၄ မှ တပ်သား အေးမင်းထွန်း ဟု တစ်ထစ်ချ ယုံကြည်နေခဲ့ပါတယ်။  သားဖြစ်သူကို အကြမ်းဖက် သမားတွေရဲ့ လက်ထဲမှာလို့ ယုံကြည်နေခဲ့တဲ့ ဖခင် တစ်ယောက်ရဲ့ စိုးရိမ်သောကဗျာပါဒတွေနဲ့ ခံစားချက်တွေကို တွေးကြည့်တာနဲ့ပင် ခံစားရပါတယ်.။

ဘယ်ကိုဆက်သွယ်ပြီး ဘယ်ကိုအကြောင်းကြားရမယ်မှန်းမသိတဲ့ အညတရလူရိုးကြီးတစ်ယောက် သားဖြစ်သူစိတ်နဲ့ အိပ်မပျော် စားမဝင်နဲ့ စိတ်ဆင်းရဲနေခဲ့ရပါတယ်။ အဲ့လိုနဲ့ ရင်းနှီးတဲ့ သူတွေကို မေးတော့လည်း သေချာမသိတော့ ပြောမပြနိုင် ဖြစ်နေတဲ့အချိန်မှာ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ရဲဝံ့စွန်းစားပြည်ချစ်သား Call Center သို့  ဆက်သွယ်လာပါတော့တယ်။

Call Center မှာ ၎င်း၏ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ရင်ဖွင့်ဆွေးနွေးတဲ့ အချိန်မှာ ဝမ်းနည်း ကြေကွဲခြင်းများစွာနဲ့ …

“ဦးလေးရဲ့ သားကို လိုင်းပေါ်က video ထဲမှာ တွေ့လိုက်တယ် အကြမ်းဖက်သမားတွေ ဖမ်းဆီးခံလိုက်ရတယ်”အဲဒါဘယ်လို ကယ် တင်ပေးလို့ရလဲ ကူညီပေးပါကွယ်ဆိုပြီး ပြောပြလာတဲ့အတွက် Call Center အဖွဲ့သားများမှ လိုအပ်သည့်အချက်အလက်များ မေးမြန်းခဲ့တဲ့ အချိန်မှာ လူရိုးလူအေး ဖခင်တစ်ယောက် ဖြစ်နေတော့ သူ့သား က တပ်သား အေးမင်းထွန်း၊ တပ်မ ၆၆၊ ခမရ ၄ ကဆိုရုံမှလွဲ၍ ကျန်တာဘာမှမသိရှာပါဘူး။ ဖခင်ဖြစ်သူ့ရဲ့ ခံစားချက်ကို ရဲဝံ့စွန်းစား ပြည်ချစ်သား Call Center မှ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ရင်ဖွင့် ဆွေးနွေးလာသည့်အပေါ် သက်ဆိုင်ရာ တိုင်း၊ တပ်မ သို့ ချက်ချင်း ဆက်သွယ်စုံစမ်းပေးခဲ့ရာ ခမရ ၄ က ဌာနချုပ်တပ်ခွဲမှူးနဲ့ အဆက် အသွယ်ရရှိခဲ့ပါတယ်။ ဖြစ်စဉ်အမှန်မှာ ဆိုရှယ်မီဒီယာပေါ်က သတင်းတုသတင်း အမှားသာဖြစ်ကြောင်း၊ တပ်သားအေးမင်းထွန်းမှာ နေကောင်းကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင်လျက်ရှိတဲ့အတွက် ဖခင်ဖြစ်သူနဲ့ တိုက်ရိုက်ဖုန်းပြောနိုင်ဖို့ အတွက် ရဲဝံ့စွန်းစား ပြည်ချစ်သား Call Center အဖွဲ့မှ ဆက်သွယ် ဖြေရှင်းပေးခဲ့ ပါတယ်။

ဖခင်ဖြစ်သူမှာ သားဖြစ်သူနဲ့ အဆက်အသွယ်ရရှိတဲ့အတွက် Call Center အဖွဲ့သား များအား  ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်အခါခါ ပြောနေလိုက်တာများခုမှ စကား စပြောတတ်တဲ့ ကလေးလေးတစ်ယောက်လိုပါပဲ။  ရဲဝံ့စွန့်စား ပြည်ချစ်သား Call Center မှလည်း ဖခင်တစ်ယောက်ရဲ့ရင်ထဲက ခံစားချက်တွေ အဆင်ပြေသွားတဲ့ အခိုက်အတန့်လေးကို ဝမ်းသာပိတီဖြစ်ရတဲ့အတွက် စာဖတ်သူများလည်း မျှဝေ ခံစားရစေဖို့ ရေးသားဖော်ပြပေး လိုက်ရပါတယ်။

နိုင်ငံ့တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများရဲ့ မိသားစုဝင်များ၊ ဆွေမျိုး သားချင်းများအနေဖြင့် ယခုလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက်နေပါက ဖုန်း- ၀၉၆၆၈၆၄၀၆၁၁ ရဲ့ဝံ့စွန့်စား ပြည်ချစ်သား Call Center သို့ဆက်သွယ်အကြောင်းကြားဖို့ အမြဲဖိတ်ခေါ်အပ်ပါတယ်။