ဂျပန်နှင့်တရုတ်အထူးမျက်စိကျနေသည့် ရသေ့တောင်မြို့နယ်မှ အနက်ရောင်သဲ

တရုတ်နဲ့ဂျပန်တွေစိတ်၀င်စားနေတဲ့ ရခိုင်မှအနက်ရောင်သဲများအကြောင်းသိကောင်းစရာ။

ဒီတလောသတင်းမှာတွေ့နေရတာကရခိုင်ပြည်နယ်ရသေ့တောင်မြိုနယ်(အငူမော်)ကျွန်းက အနက်ရောင်သဲများကိုတရုတ်ပြည်ကစိတ်၀င်စားပြီးလာရောက်စမ်းသပ်မှုတွေပြုလုပ်နေတယ်ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့အဲ့ဒီ အနက်ရောင်သဲတွေက ဘာလဲ၊ဘယ်မှာသွားသုံးမှာလဲ၊ဘာတန်ဖိုးရှိလဲဆိုတာသိကြအုံးမယ်လိုမထင်ပါ

အဆိုပါအနက်ရောင်သဲများကအင်္ဂလိပ်လိုတော့Rare Earthလိုခေါ်ပါတယ်။တိုက်ရိုက်ပြန်ရင်ရှားပါးတဲ့မြေပေါ့၊ဒါပေမဲ့အဲ့ဒီပစ္စည်းကရှားလည်းမရှားပါး၊မြေကြီးလည်းမဟုတ်ပါဘူး။Rare Earthဆိုတာကဒြပ်စင်ပေါင်း၁၇မျိုးပါ၀င်တဲ့သတ္တုဒြပ်အမျိုးအစားတွေကိုခေါ်ပါတယ်။

အဲ့ဒါတွေကတော့…
scandium (Sc-21),yttrium(Y-39),
lanthanum(La-57),cerium(Ce-58),praseodymium(Pr-59),neodymium(Nd-60),promethium(Pm-61),samarium(Sm-62),europium(Eu-63),gadolinium(Gd-64), terbium(Tb-65),dysprosium (Dy-66),holmium (Ho-67),erbium (Er-68),thulium(Tm-69),ytterbium(Yb-70),and luteium(Lu-71)တို ဖြစ်ပါတယ်။အဲ့ဒီသတ္တုတွေကိုတချိုကThe silent heroes of modern technologလိုတင်စားကြပါတယ်။

Rare Earthဟာမရှားပါးပေမဲ့အဲ့ဒီ ဒြပ်စင်သတ္တုတွေကတမျိုးတည်းသီးခြားတွေ့ရဖိုမဖြစ်နိုင်ပါဘူး။မရှားပါးပေမယ့်အဲ့ဒီရောစပ်နေတဲ့Rare Earthထဲမှာပါ၀င်နေတဲ့ဒြပ်သတ္တုတစ်ခုချင်းကိုသန့်စင်ခွဲထုတ်ဖိုကအန္တရာယ်များ၊ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖိုမလွယ်ကူဖူးလိုသိရပါတယ်။

နေ့စဉ်ထိတွေ့သုံးစွဲနေတဲ့အရာများစွာမှာRare Earthသတ္တုတမျိုးမျိုး သေချာပေါက်ပါ၀င်နေပါတယ်။တီဗီ၊ကွန်ပြူတာ၊ရေနံတူးစက်၊သေးငယ်တဲ့အီလက်ထရွန်းနစ်အစိတ်အပိုင်းများ၊မော်တော်ကား၊Hybridကား၊အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက်ကိရိယာများ၊နျူကလီးယားဓာတ်ပေါင်းဖိုနဲ့အာကာသယာဉ်ကိုယ်ထည်တွေမှာ အဲ့ဒီသတ္တုတစ်မျိုးမဟုတ်တစ်မျိုး ထည့်သွင်းအသုံးပြုထားပါတယ်။

Erbiumသတ္တုကိုနေကာမျက်မှန်၊အလှဆင်ပန်းအိုး၊လေဆာခွဲစိပ်မှုနဲ့သတင်းအချက်အလက်လျင်မြန်စွာစီးဆင်းစေတဲ့အလင်းဖန်မျှင်ကြိုးတွေမှာမရှိမဖြစ်သုံးရပါတယ်။ Europiumသတ္တုကိုတီဗီဖန်သားပြင်၊LEDမီးလုံးတွေနဲ့နျူကလီးယားဓာတ်ပေါင်းဖိုမှာအသုံးပြုပါတယ်။

Hybridကား(ဆီနဲ့ဘက်ထရီနှစ်မျိုးသုံး)မောင်းနေတဲ့ကားပိုင်ရှင်တွေကိုယ်တိုင်Rare Earthကိုသူတိုနေ့စဉ်သုံးနေရတယ်ဆိုတာမသိကြပါဘူး။တိုယိုတာPrius Hybridကားတိုင်းမှာLanthanum၁၀ပေါင်ထည့်သုံးထားပါတယ်။ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီအမျိုးအစား”nickel-metal hydride”က Lanthanumသတ္ထုကိုသုံးထားတာပါ။

အဲ့ဒါနဲ့အခြားဟိုင်းဘရစ်ကား၁တွေရယ်၊တရုတ်ပြည်မှာသုံးနေတဲ့ဘက်ထရီကားငယ်လေးတွေအားလုံးပေါင်းလိုက်ရင်လိုအပ်မယ့် Lanthanumကစျေးကွက်မှာလုံလောက်စွာမရှိပါဘူး”လိုRare Earthကျွမ်းကျင်ပညာရှင်Jack Liftonက ဆိုပါတယ်။ ဒါ့အပြင်တိုယိုတာကားကုမ္ပဏီက lanthanum တူးဖော်ထုတ်လုပ်ရေးမှာရင်းနှီးမြုတ်နှံနေတဲ့တစ်ခုတည်းသောကားကုမ္ပဏီဖြစ်ကြောင်းလည်းသိရပါတယ်။

အချက်အလက်များအရကမ္ဘာပေါ်မှာတရုတ်ပြည်ကRare Earthပမာဏအများဆုံးပိုင်ဆိုင်ထားပြီးပြည်တွင်းစက်မှုလုပ်ငန်း များမှာအသုံးပြုဖိုလုံလောက်အောင်ဆိုပြီး၂၀၁၀ခုနှစ်မှာပြည်ပသိုတင်ပိုရောင်းချမှုကိုကန့်သတ်လိုက်ပါတယ်။အဲ့ဒီသတင်းကြောင့်Rare Earthစျေးနှုးများခုန်တက်သွားခဲ့ပါတယ်။Rareရဲ့စျေးနှုန်းကတော့စျေးကွက်မှာရှိတဲ့ပမာဏနဲ့၀ယ်လိုအားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ၂၀ရက်၊၂၀၁၂ခုနှစ်HEFAရဲ့စျေးနှုန်းအရ၁ကီလိုဂရမ်စျေးကိုဖော်ပြထားပါတယ်။

Scandium metal- အမေရိကန် ဒေါ်လာ၁၅၀၀၀(၁ကီလိုစျေး)၊
Terbium metal -၂၅၀၀၊
Neodymium metal -၁၁၅၊
Lanthanum metal -၂၈၊
Europium Oxide -၂၁၅၀၊
Dysprosium Oxide -၉၇၅၊
Erbium metal -၂၇၅၊
Cerium metal -၂၅ ဒေါ်လာ ….။

ဒါကြောင့်နိုင်ငံခြားမှလာရောက်ရင်းနှီးမြုတ်နှံသူတွေကိုကြေးနီ၊ရွှေ၊ရေနံ၊ဂက်စ်စတဲ့သတ္တုတွင်းများမှာ တူးဖော်ခွင့်ပေးထားရာကအချောင်ရောပါသွားနိုင်တဲ့(တနည်း)ခိုးထုတ်သွားမယ့်အဆိုပါအနက်ရောင်သဲ ခေါ်Rareearthအကြောင်းကိုမြန်မာပြည်သူတွေဂရုစိုက်သိထားသင့်ကြောင်းမျှဝေလိုက်ပါတယ်…

Rmd Thutazoneမှဗဟုသုတအဖြစ် ပြန်လည်မျှဝေပါတယ်…

#crdထရုမီဒီယာ