အကြမ်းဖက်သမားများရဲ့ နိုင်ငံရေးမှာ ကလေးသူငယ်များကို အသုံးချနေမှုများ

ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကလေးသူငယ်တွေကို အလေးထား ကာကွယ်စောင့်ရှောက်ဖို့၊ ပဋိပက္ခတွေမှာ မပါဝင်စေဖို့၊ ကြားမညပ်စေဖို့ ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ NUG အဖွဲ့ရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားတွေက နိုင်ငံရေးအရ အမြင်မတူလို့၊ သူတို့ကို ထောက်ပံ့ခြင်းမပြုလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိသားစုတစ်စုလုံးကို ကလေး သူငယ်ပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်နေကြသလို၊ ကလေးသူငယ်တွေကို လည်း အကြမ်းဖက်ဖောက်ခွဲမှုကျူးလွန်တဲ့ နေရာမှာ ဓားစာခံအဖြစ်အသုံးချ နေကြတာကို စိတ်မကောင်းဖွယ်ရာ၊ စိုးရိမ်ထိတ်လန့်ဖွယ်ရာ မြင်တွေ့ကြားသိ နေရပါတယ်။

ဆန္ဒပြပွဲတိုင်းမှာ နိုင်ငံရေးနားမလည်တဲ့ ကလေးတွေကို လူသားဒိုင်းအနေနဲ့ အသုံးချနေတဲ့ သက်သေတွေ။ မသိနားမလည်တဲ့ ကလေးတွေကို သေနတ်ကိုင်ပြီး တိုက်ခိုင်းနေတာတွေ…ဒီပုံတွေကို UNတို့ အနောက်အုပ်စုတွေ မမြင်တာလား? ဥပဒေတွေကို လက်တစ်လုံးခြား လုပ်နေတာလား?