ကသာမြို့၊ အမှတ်(၅)ရပ်ကွက်၊ စုပေါင်းရုံးလမ်းမပေါ်တွင် မူးယစ်ဆေးဝါးရောင်းချသူအား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိ

ကသာမြို့၊ အမှတ်(၅)ရပ်ကွက်၊ စုပေါင်းရုံးလမ်းမပေါ်တွင်လမ်းမအတိုင်း မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား စစ်ဆေးခဲ့ရာ ဒေါ်ခင်စန်းမြင့်(ခ)ဒေါ်အုန်းစန်း၏ ဆိုင်ကယ်ခွကြားရှိချိတ်တွင် ချိတ်ဆွဲထားသော ရွှေစင် ရတနာစိန်ရွှေ၊ ပလက်တီနမ်ဆိုင်တံဆိပ်ပါ အနီရောက်လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ ဖြူဝါရောင်စပ်ကြားမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်အား ပလက်စတစ်အိတ်ဖြင့် ထုတ်လျက် အစိမ်းရောင် ဆပ်ပြာခွက်အတွင်းထည့်ထား သည့် ဆပ်ပြာခွက် ၁ ခွက်၊ စိတ်ကြွမူးယစ်ဆေးပြားဟုယူဆရသော ပန်းရောင်ဆေးပြား ၁၈၀ ပြားအား ကမ္ဘာ လုံးရွက်လှေတံဆိပ် အပြာရောင်ကပ်ခွာအိတ်အတွင်း ထည့်လျက် အိတ် ၁ အိတ်၊ ပန်းရောင်ဆေးပြား ၁၇၀ ပြားအား ကမ္ဘာလုံးရွက်လှေ တံဆိပ်အပြာရောင်ကပ်ခွာ အိတ်အတွင်းထည့်လျက် အိတ် ၁ အိတ်၊ စုစုပေါင်း အိတ် ၂ အိတ်၊ ဆေးပြား ၃၅၀ ပြားတိုအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတရားခံ နေအိမ်သို လုံခြုံရေးအဖွဲဝင်များက ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်း အတွင်း သစ်သားဘောင်ပေါ်မှ ROYAL WAFER စာတန်းအမှတ်တံဆိပ်ပါ မရမ်းစေ့ ရောင်သံဘူးရှည် အဖုံးပါအတွင်း YAM YAM တံဆိပ်ပါ ခေါက်ဆွဲခြောက်အိတ်ခွံ အတွင်းထည့်ထားလျက် စာတန်းမပါ ပန်းရောင်ဆေးပြား ၂၀၀ ပြားစီပါ အပြာရောင် ကပ်ခွာအိတ် ၂ အိတ်၊ ၁၉၀ ပြားစီပါ အပြာရောင်ကပ်ခွာအိတ် ၂ အိတ်၊ ၁၈၀ ပြားစီ ပါ အပြာရောင်ကပ်ခွာအိတ် ၁ အိတ်၊ စုစုပေါင်း အိတ် ၅ အိတ်၊ စုစုပေါင်း ဆေးပြား ၉၆၀ ပြားတိုအား ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတရားခံ ဒေါ်ခင်စန်းမြင့်(ခ)ဒေါ်အုန်းစန်း အား မယ(ပ)၄/၂၀၂၃၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။