ရွှေကျင်- ကျောက်ကြီးသွား  ချောင်းကူး တံတားအား PDFများမှ မိုင်းထောင်ဖောက်ခွဲ 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား နိုဝင်ဘာ ၂၀ ရက်နေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။

အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တုံး တံတားကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ် အမျိုးအစား သရက်ချောင်း ချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတား ကြမ်းခင်းအလျား ၁၂ ပေ၊ အကျယ် ၂၅ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ရှင်။