လူမှုစာမျက်နှာများတွင် လှုံ့ဆော်၊ ဝါဒဖြန့်ခြင်း ပြုလုပ်သူများအား ဖော်ထုတ်အရေးယူ

NLD ၊ CRPH၊ NUG ထောက်ခံသူများမှ လူမှုကွန်ရက်များမှတစ်ဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်ရှိ

-ထူးနိုင်အောင်သည် ၎င်းအသုံးပြုသည့် “Htoo Naing Aung” Facebook အကောင့်၊

-မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အနောက်ရပ်ကွက် နေ အိသက်သက်ဖြူသည် ၎င်းအသုံးပြုသည့် “Ei Thet Thet Phyu” Facebook အကောင့်၊

-မေဃဂီရိရပ်ကွက်နေ သိန်းကြွယ်သည် ၎င်းအသုံးပြုသည့် “U Thein Kyawal” Facebook အကောင့်၊

-မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာနေ ဇော်လင်းဦးသည်  ၎င်းအသုံးပြုသည့် “Zaw Linn Oo” Facebook အကောင့်

-ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ခရမ်းညောင်ပင်ကျေးရွာနေ ဝေဖြိုးလင်း (ခ) ကိုဖြိုးသည် ၎င်းအသုံးပြုသည့် “Wai Phyo Lin (Ko Phyo)” Facebook အကောင့် တို့သည်

လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။