တော်လှန်ရေးကို စွန့်ခွာလာကြတဲ့ PDF များ

PDF တွေရဲ့ တော်လှန်ရေး ဆိုတာကြီးက တဖြည်းဖြည်းချင်း ချိနဲ့လာသလို၊ တော်လှန်ရေးကို အခုလိုပဲ စွန့်ခွာလာသူတွေများပြားလာနေပြီ ပဲဖြစ်ပါတယ်။ မရိုးသားတဲ့ NUG တို့ရဲ့ တော်လှန်ရေးကြားထဲမှာ တချို့သူတွေကလည်း တော်လှန်ရေးကောင်းမှုကြောင့် ကြီးပွားချမ်းသာလာကြသလို၊ တချို့ကလည်း တော်လှန်ရေးကြီးကြောင့် နိုင်ငံခြားတွေကိုရောက်နေပြီး သူတို့က ဘဝကြီးက ကောင်းစားနေကြတာ။ ဒီတော့ သူတို့ရဲ့ တော်လှန်ရေးက အသူခံ လည်သူစား တဲ့ အကျိုးမျှော်တော်လှန်ရေးကြီးတစ်ခုထက် မပိုပါဘူး။ ဒါကြောင့်မို့ အတွင်းထဲမှာ လှိုက်စားပြီး ပုပ်ပွနေတဲ့ တော်လှန်ရေးကြီး ကိုစွန့်ခွာပြီး မိသားစု ဘဝကိုပြန်လည်နေထိုင်ကြသူတွေများလာပါတယ်။ တစ်ဖက်က နိုင်ငံတော်အစိုးရကလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန်ဖိတ်ခေါ်မှုများ ရှိနေပြီး နွေးထွေးစွာကြိုဆိုလျှက်ရှိတာကြောင့် အလင်းဝင်ရောက်လာမယ့် PDF တွေအတွက်တော့ လုံးဝကို ကောင်းမွန်တဲ့ အခွင့်အရေးကြီးတစ်ခုပါပဲ။