ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူသတိပေး

နယ်စပ်ခြံစည်းရိုး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီ အား ၁၉-၉-၂၀၂၂ ရက်၊ (၀၉၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(YGN)၌ ခေါ်ယူတွေ့ဆုံခဲ့ပါသည်။ယင်းသိုတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့သည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဖြစ်စဉ် ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုန့်ပြန်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေး ဆောငရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊ AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲတို သည် အလားတူ စက်တင်ဘာလ (၁၆) ရက် နှင့်(၁၇) ရက်တိုတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်းရှင်းလင်း ပြောကြားခဲပါသည်။ ယင်းကဲ့သို နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ် ခြံစည်းရိုးအနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောငညွှန်ကြားရေးမှူးချုပ်က အလေးထားပြောကြားခဲ့ပါသည်။ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်အနီး လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများအား လေးစားလိုက်နာ ဆောင်ရွက်ပြီး၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို လေးစားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန် အရေးကြီးကြောင်း အသိပေးပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲတို ၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၇-၉-၂၀၂၂ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သောကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်း ပြုလုပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်က ထပ်လောင်း အသိပေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဖြစ်စဉ်အခြေအနေမှန်ကို ရှင်းလင်း ဖော်ပြထားသည့်စာလွှာအား ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံသို ပေးအပ်ခဲ့ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေမှန်များကို ၁၈-၉-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန မှလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၇-၉-၂၀၂၂ ရက် နှင့် ၁၇-၉-၂၀၂၂ ရက်များတွင် သံတမန်စာများဖြင့် ပြန်လည်ရှင်းလင်းအသိပေးပြီး ဖြစ်ပါကြောင်း။