ကချင်ပြည်နယ်တွင် အကြမ်းဖက်သမားအလိုမရှိကြောင်း ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ပြည်သူတွေက ” အကြမ်းဖက်လူသတ်သမား KIA ကို အလိုမရှိ၊ အကြမ်းဖက်အဖွဲ KIA ကို အမြစ်ပြတ်ချေမှုန်းပေးပါ” စတဲ့ ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ KIA ဟာ လူမျိုးကောင်းစားရေးအတွက်လို နာမည်ခံပြီး ပေါ်ပေါက်လာခဲ့ပေမဲ့ တိုင်းပြည်၊ ကချင်ဒေသနဲ့ ကချင်လူမျိုးတွေ ကောင်းကျိုးအတွက် ဘာတစ်ခုမှ ဆောင်ရွက်ခဲ့တာမရှိသလို တိုင်းရင်းသားတွေအကြား စိတ်ဝမ်းကွဲအောင် အမျိုးမျိုးသွေးထိုးလှုဆော်မှုတွေ ပြုလုပ်ပြီး အဖျက်လုပ်ငန်းတွေကိုသာ ဆောင်ရွက်ခဲ့တာဖြစ်လို အခုလိုမျိုး ဒေသခံပြည်သူတွေကပါ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။