နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ

“သူရဘွဲ”(၂၂-၁၂-၂၀၂၂)ကြည်း ၅၉၂၆၃ ဗိုလ်ကြီး ထက်မြတ်အောင်၊ (DSA-53)၊ ခမရ(၃၁၉)ဗိုလ်ကြီးထက်မြတ်အောင် ဦးစီး ခွဲရုံး ၁ စုသည် ကုန်းသာရွာ၏မြောက်ဘက်နေရာသို ရဟတ်ယာဉ်ဖြင့် ဆင်းသက်ခဲ့ပြီး ကုန်းသာဘုန်းကြီးကျောင်းရှိ TNLA သကသအင်အား ၅၀ ကျော်ဖြင့် စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားပြီး ပူးပေါင်းရန်ရောက်ရှိလာတဲ့ ဒုရင်းမှူးဦးစီး စစ်ကြောင်းနှင့်ပေါင်းကာ ကုန်းသာဘုန်းကြီးကျောင်းစခန်းအား MI-35 ပစ်ကူယူ၍ မြောက်ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်တစ်ဖက်မှာလည်း ဘုန်းကြီးကျောင်း၏အရှေ့တောင်ဘက်မှ တိုက်ခိုက်လာသောဗိုလ်ကြီး စိုးသူရ ဦးစီးတပ်ခွဲ နှင့် ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်နိုင်သဖြင့် ကုန်းသာဘုန်းကြီးကျောင်းအား ဒီဇင်ဘာ ၈ ရက်၊ နေ့လည် ၁၂ နာရီတွင် ရန်သူ့လက်နက်/ခဲယမ်းများနဲ့အတူ သိမ်းပိုက်ရရှိခဲ့ပါတယ်ဗိုလ်ကြီး ထက်မြတ်အောင်သည် ဘုန်းကြီးကျောင်း၌ ယာယီခံစစ်ယူထားစဉ် TNLA/ AA သကသအင်အား ၃၀၀ ကျော်က ၃ ညနှင့် ၄ ရက်တိုင်တိုင် နေ့/ည လုံးထွေးတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် နေရာအား ရန်သူ့လက်ဝယ်မကျစေရေး မိမိတပ်ခွဲမှ စစ်သည်များအား ဦးဆောင်၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

ခွာစစ်ဆင်နေစဉ်မှာလည်း အင်အားအများအပြားဖြင့် ပိတ်ဆိုတိုက်ခိုက်လာသောရန်သူအား အပြင်းအထန် ခုခံတိုက်ခိုက်ပေးခဲ့ပြီး ဒုရင်းမှူးစစ်ကြောင်း ဖောက်ထွက်နိုင်ရေး စွမ်းစွမ်းတမံ ကာပစ်ပစ်ပေးပြီး ဗိုလ်ကြီး စိုးသူရ တပ်ခွဲနှင့် ပူးပေါင်းလိုက်ပါ၍ ဒဏ်ရာရသူများ၊ ရန်သူ့လက်နက်/ခဲယမ်းများကို သယ်ဆောင်ကာ ထိုးဖောက်ထွက်နိုင်ရေး အထောက်အကူပြုပေးခဲ့ပါတယ်။

ခွာစစ်ဆင်ရာတွင်လည်း ရန်သူမှ အဆင့်ဆင့်ဖြတ်တောက်ပိတ်ဆိုတိုက်ခိုက်မှုကြောင့် ညာခြေသလုံး ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပါတယ်။ သိုသော် ဒဏ်ရာကို ဂရုမထားဘဲ မိမိစစ်သည်များ စိတ်ဓာတ်မကျဆင်းစေရေး မားမားမတ်မတ်ခေါင်းဆောင်မှုပေးခဲ့ပြီး ရန်သူ့လက်နက်/ ခဲယမ်းများအား သယ်ဆောင်၍ ဗိုလ်ကြီး စိုးသူရနှင့်အတူ ဆုံရပ်နေရာသို ထူးချွန်ပြောင်မြောက်စွာဖြင့် အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်။ထိုကြောင့်လည်း နိုင်ငံတော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ၎င်းအား “သူရဘွဲ”ကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဒီ Post ဖြင့် “သူရဘွဲ”ရရှိသွားသော ဗိုလ်ကြီးထက်မြတ်အောင် အား လက်တင်အလေးပြုပါတယ်။

Congratulations ပါ …