မန္တလေးမှာ ၁နာရီခွဲကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဇန်နဝါရီ ၂ရက်နေ့ နံနက် ၈နာရီခွဲအချိန်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်
နာရီခွဲကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းများအရ သိရပါတယ်။
အဆိုပါမီးလောင်ကျွမ်းမှုသည် ချမ်းမြသာစည်မြို့နယ်၊ ၁၁၀လမ်း ၅၈x၅၉ကြားမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါ
တယ်။
မီးလောင်ကျွမ်းမှုအား Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀နာရီ ၅မိနစ်အချိန်မှာ မီးငြိမ်း
နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
မီးလောင်ကျွမ်းမှုသည် လမ်းအတွင်းရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်ထားသည့် ၃ထပ်တိုက်ရဲ့ အပေါ်ထပ်မှာ
ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရှိရသေးတာဖြစ်ပါတယ်။