စည်ပင်သာကျေးရွာအနီး ဆီစက်အတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်များ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် စည်ပင်သာကျေးရွာအနီး ဆီစက်အတွင်း၌ အကြမ်းဖက်သူအင်အား ၃၀ ဦးခန့် နေထိုင်သွားသည်ဟု ယူဆရပြီး အောက်ပါပစ္စည်းများ သိမ်းဆည်းရရှိခဲ့-

လက်လုပ်သေနတ် -၁၃ လက်
ကျည် -၅၀ တောင့်
လက်လုပ်ဗုံးသီး -၁၇၈ လုံး
လက်လုပ်ပြောင်း -၁ ခု
ပြောက်ကျားအင်္ကျီ -၁၀ ထည်
ပြောက်ကျားဦးထုပ် -၁ လုံး
PDF လက်မောင်းတံဆိပ် -၁၀ ခု
ဆေးမျိုးစုံ ၁ အိတ် တို့အား သိမ်းဆည်းရရှိ အကြမ်းဖက်သမားများဆုတ်ခွာထွက်ပြေးရာနောက်သို့ လခရတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းသုတ်သင်လျက်ရှိကြောင်းသိရှိရသည်။