မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကောင်းကံတွေပဲ မွေးထုတ်ပါ🌷

ကိုယ်ကမတော်ပဲ
သူများချော်နေတာကိုပြောရင်လည်း
ရယ်စရာချည်း ဖြစ်နေတတ်ပါတယ် ။

အပြောတာရှိပေမယ့်
အလုပ်ကမပါဘူးဆိုရင်လည်း
ကဲ့ရဲ့အပြစ်တင်စရာဖြစ်လာနိုင်ပါတယ် ။

သူများကို ဆုံးမတာထက်
ကိုယ့်ကိုယ်ကို ဆုံးမတာကမြတ်ပါတယ် ။

သူများကိုအပြစ်ပြောနေတာထက်
ကိုယ့်မှာအပြစ်နည်းအောင်
နေတတ်ဖို့က အရေးကြီးပါတယ် ။

သူများကိုကြည့်ပူလောင်နေတာထက်
ကိုယ့်ကိုယ်ကိုကြည့်ပြီးတော့
အေးချမ်းစွာနေတတ်ဖို့လိုပါတယ် ။

မုန်းစရာကောင်းတဲ့လူကိုလည်း
ကိုယ်ကခေါ်သွားလို့မရသလို

ချစ်စရာကောင်းတဲ့သူကိုလည်း
ကိုယ်ကခေါ်သွားလို့မရနိုင်ပါဘူး ။

ကိုယ်ကောင်းအောင်ပဲကြိုးစာပြီး
ကိုယ့်လမ်းကိုယ်ပဲ လျှောက်လှမ်းနေပါ ။

ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကံတွေအလိုက်
ဘ၀အနိမ့်အမြင့်တွေဖြစ်ကြရမှာဖြစ်လို့
ကံတွေမယုတ်ညံ့အောင်ပဲကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏